Tuesday, August 12, 2014

ပန်းကလေး သိစေရန် ……၂


ပန်းကလေး သိစေရန် ……၂

ပန်းကလေးရေ
အချစ်နဲ့အလွမ်းဆိုတာ
ငါ့အတွက်တော့ ဂျော့ ဒင်္ဂါပဲ ။

ပန်းကလေးရေ
ချစ်ခဲ့သမျှ လွမ်း
လွမ်းသမျှ ချစ်ချစ်နေတော့
အချိန်ပြည့် ဖြစ်တည်နေတဲ့ သတိရမှု့
ဖြေသိမ့်ခြင်းဆိုတာ လဲ
ဆင်သေကောင်းနဲ့ မျှောနေမိတဲ့ ကျီမိုက်
ပြန်လမ်းမဲ့နေရပြီ။

ပန်းကလေးရေ
ဖုန်းတစ်ဘက် နားရွက်ကပ်လို့
ငိုချင်းရှည်မျက်ရည်တွေက
ငါ့ဖုန်းလေးတောင် ဓါတ်ကူး
သူတောင့် မျက်ရည်ကျတတ်ပြီ။

ပန်းကလေးရေ
စွန့်သွားသူ မှာဒဏ်ဖြစ်မဖြစ် မသိပေမဲ့
ကျန်ရစ်သူကိုယ့်မှာတော့
ချွတ်မရတဲ့ အစွန်းတွေနဲ့
သေရာပါဖြစ်နေရပေါ့။

ပန်းကလေးရေ
ဘဝမှာ အချစ်တစ်ခုနဲ့ ဝမ်းမပြည့်ပေမဲ့
ကဗျာတစ်ခုနဲ့ ဝမ်းဖြည့်နေရတဲ့ ဘဝမှာ
ကိုယ်ဟာ အရာရာ ကျရှုံးသူပါ။
(ရုပ်ဝတ္ထုတွေ မှာပါ )

ပန်းကလေးရေ
အကြင်နာတွေနဲ့
ရင်ဗလာမဖြစ်သေးတော့
ငါကတော့
ဒဏ်ရာတွေနဲ့ ချစ်နေတုန်းပေါ့ ။ ။

သိင်္ဂါလှိုင်(ကဗျာမြေသား)


Posted via Blogaway

No comments:

Post a Comment