Tuesday, August 12, 2014

ပန်းကလေးသိစေရန် ၁

ပန်းကလေး
ရနံ့ပေးပြီး ကွယ်ဝှက်
လေသင့်မှမွှေး
မင်း ဘယ်မှ များပွင့်လန်းနေလဲ ကွယ်။

မမြင်ရာ အရပ်ဆီက
တမင်ကာ ရနံ့ပေးပြီး
မကြင်နာ သူပစ်မုန်းသလား
မမေးရက်ပါ ပန်းကလေး။

အချိန်မှန် ပွင့်လန်း
မင်းက လေးနာရီပန်းလား
သင်ပျံတဲ့ ရနံ့အဆင်းနဲ့
မြင်ဘူးအောင် ကြည့်စမ်းချင်ရဲ့
မင်းထွက်ခဲ့ပါ။

ပန်းကလေးရယ်
အလွမ်းတေးလဲ မသီဆိုချင်တော့
ကမ္ဗည်းအက္ခရာ ပေထက်မှာ
အလင်္ကာ ရေးဖွဲ့လို့
လွမ်းလွန်းလို့ နေရတယ်။

ပန်းကလေuးရယ်
ရာသီတွေ ခြစား
ပြက္ခဒိန်ရက်တွေ ကျော်လာ
ဒဏ်ရာတွေသာ ဖြစ်နေခဲ့ရတယ်။

ပန်းကလေးရယ်
မြင်ချင်သူ ဒီမောင့်ခဗျာ
ကောင်းကင်ကို မော့ကြည့်
တနေရာရှိမယ် အတွေးနဲ့
ငေးနေလို့ နေရတယ်။

ပန်းကလေး
နေရောင်ခြည်ခပ် နွေးနွေးမှာ
လန်းဆန်းလို တင့်လှ
မင်းဘဝ သာယာပါစေ
ပန်းကလေး။

သိင်္ဂါလှိုင် (ကဗျာမြေသား)


Posted via Blogaway

No comments:

Post a Comment