Wednesday, September 17, 2014

ဖြတ်ပြေးသွားတဲ့လေညင်းလေးမှာ မင်းရနံ့တွေ ပါလာတယ်

ဖတ်ပြေးသွားတဲ့လေညင်းလေးမှာ မင်းရနံ့တွေ ပါလာတယ်

မင်းရဲ့ ကိုယ်သင်းရနံ့ လေး
ငါကိုယ်မှာ ရွှဲရွှဲစိုခဲ့တယ်

ပျော်ရာမနေ တော်ရာနေ
လောကတရားက
ကိုယ်တို့ ခဏ ဝေးရပြန်ပြီ

လှိုင်းပုတ်တိုင်း ကမ်းပြိုရမယ်ဆို
ဘယ်မှာ ကမ်းပါးရှိပါ့မလဲ
ခွဲခွာသွားတိုင်း မတွေ့ရဘူးဆို
ဘယ်မှာ အချစ်ဖြစ်ပါ့မလဲ

ကိုယ်တို့နှလုံးသာတွေ
ဝင်သက်ရှူသွင်းတိုင်း ချစ်ခဲ့
ထွက်သက် မှုတ်ထုတ်လိုက်တိုင်း လွမ်းခဲ့
အချစ်နဲ့ အလွမ်းသံသရာမှာ
ရင်ခုန်ခြင်းက အမြဲဖြစ်စေခဲ့တာပါ

နေရာဝေး ပေမဲ့
ဆက်သွယ်တဲ့လေညင်းလေးထဲ
မင်းကိုယ်ရနံ့လေးက
ငါရင်မှာ အမြဲပါလာတယ်

လောကီဈာန်ရထားသလို
ငါတို့
အချိန်တိုင်းလဲ မင်းအသံကြားရ
အချိန်တိုင်းလဲ မင်းပုံရိပ်တွေမြင်ရ
အချိန်တိုင်း မင်းကိုယ်သင်းရနံ့လေးလဲ ရှူရှိုက်နေခဲ့ရပေါ့

မင်းရီသံဟာ
တော်ဝင်တဲ့ ဂီတ
ထိုက်သူသာ နားထောင်ရတဲ့ နတ်စောင်းသံပါ

အချိန်တခုရဲ့ ကွဲကွာနေချိန်တွေမှာ
ပွင့်လန်းနေတဲ့ ပန်းရနံ့
ငါအတွက် အလွမ်းဖြေဖို့
လေညင်းလေးတွေက အမြဲ သယ်ဆောင်ပေးတယ်

ကျေနပ်စရာအတွေးနဲ့
လောကကို ပြုံးပြနေမိတဲ့ ဘဝမှာ
ချစ်စိတ် တစ်ခုနဲ့ ငါ
အရာရာ ဖြေသိမ့်နေမိခဲ့

ဟော
ငါရင်မှာ ဖြတ်တိုက်သွားတဲ့လေညင်းလေး
မင်း ကိုယ်ရနံ့လေး ပါလာနေတယ်
နှလုံးသားနဲ့ နားထောင်
ချစ်ခြင်းတရားနဲ့ ရှူသွင်း
ခံစားချက်တွေ အသစ်အသစ်နဲ့
ဘာဝနာတစ်ခုလို နှလုံးသွင်း
အိပ်စက်ခြင်းတွေ တောင် မေ့လို့
မေ့လို့ နေပြီ……။

သိင်္ဂါလှိုင် ကဗျာမြေသား
18092014
09:53

Posted via Blogaway


Posted via Blogaway

Monday, September 8, 2014

ချက်ကြိုးငြိတဲ့ မြစ်

"ချက်ကြိုးငြိတဲ့ မြစ်"

အာရုံများ
အရောင်အမျိုးမျိုး တောက်ပ
အဆန်းကျယ်သလောက် အရေးကျယ်

အစမသိခဲ့ အဆုံးများ
ဝေးကွာသထက် ဝေးကွာကြ

ကောက်ကွေ့ ဖြောင့်တန်း
အပေါင်း အနုတ် လက္ခဏာ
ဘဝများ
လှည့်လည်နေခဲ့ ကြပေါ့…။

သိင်္ဂါလှိုင်(ကဗျာမြေသား)
09092014
08:25


Posted via Blogaway

Sunday, September 7, 2014

"ငရဲ ပျော်တဲ့ ငါ"

"ငရဲ ပျော်တဲ့ ငါ"

အမှန် တရား က
မှန် နေပြီ

အံ့သြ ခြင်းက
တုန်လှုပ် စရာကောင်းလောက်အောင်
ခေတ်
ချောက်ကြီးထဲ ထိုးဆင်းနေခဲ့

မျက်နှာဖုံး အစွပ်များ
ရောင်းမလောက် ဖြစ်နေတဲ့ မျက်နှာ
လောကမှာ ပြုံးရယ်နေလို့

ကောသလ အိပ်မက် အကောင်အထည်ဖော်နေတဲ့
ကာလတရားမှာ
မွေးဖွားခြင်းက
မေတ္တာ ငတ် ကလေးငယ်တစ်ယောက်ဖြစ်ခဲ့

ဘယ်သူသေသေ
ငတေများ ကျန်းမာ နေကြတော့
နှစ်ခြောက်ဆယ် ကြာခဲ့တာ မဆန်းတော့

ယုံကြည်ရာတွေ
လွဲနေတဲ့ ခေတ်ဆိုးကြီး ထဲ
ကြီးပြင်းလာတဲ့ ဘဝများ
အတ္တတွေ ရှေ့တန်းတင်နေတော့
ငါ
ငရဲ ကျတာ သဘာဝကျပါတယ်……။

သိင်္ဂါလှိုင် ကဗျာမြေသား
07092014
19:10


Posted via Blogaway

Thursday, September 4, 2014

"အသဲကွဲ သမား"

"အသဲကွဲ သမား"

ဆိပ်ကမ်း ကပ်ရောက်ခွင့် မရှိတဲ့
သေဘာၤ
ရေလယ်မှာ ကျောက်ချငေးနေခဲ့ရပေါ့

ဦး/ပဲ့ ကြိုးတွေ မခိုင်ခဲ့သမျှ
နာကျင်နေခဲ့ရ
ဒဏ်ရာ
ကမ်းဝေး မြို့ဝေးဖြစ်လို့

နားခိုခွင့် မဲ့ ခဲ့ရ
ဘဝ
ရေစုန်ကို သာချမျှောနေချင်

သံယောဇဉ် ထိုးဆင်းခွင့်မရတဲ့ ကုန်းဘောင်
ဝေဒနာတွေ ချခင်း မပြပေးနိုင်
စိတ်အန်ဖတ်များ မီးခိုး တလူလူ ဖြစ်ခဲ့

အင်ဂျင်ကျ လီဗာမရ
ဒုက္ခတရားသာ
ငါ့ ဝမ်းအောက် တသွင်းသွင်းစီးဆင်း
ချစ်ခြင်းက  တစူးထိုးခံရတဲ့ အဖြစ်
ကမ်းဝေး မြစ်မှာ နစ်မြုပ်ခဲ့ရတယ်……။

သိင်္ဂါလှိုင် ကဗျာမြေသား
05092014
09:29


Posted via Blogaway

နှိမ်ပါ

နှိမ်ပါ

အချစ်ကို ဖြူဖြူစင်စင်ချစ်တတ်လို့
နှိမ်ပါ

ရိုးရိုးသားသားနဲ့ ဆက်ဆံပေးလို့
နှိမ်ပါ

ကိုယ်ခြင်းစာ စိတ်နဲ့ တွဲခေါ်ပေးတတ်လို့
နှိမ်ပါ

အသိဥာဏ် ဗဟုသုတ ကလွဲ ငွေကြေးချို့တဲ့လို့
နှိမ်ပါ

စိတ်ကို တဆင့် နှိမ့်ချ  မသိသလို နားထောင်ပေးတတ်လို့
နှိမ်ပါ

နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ
နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ
နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ နှိမ်ပါ

မနေ့တနေ့ က သိလာတဲ့အသိနဲ့
အရောတဝင်လုပ် လူသိကြီး လူတတ်ကြီးရေ
နှိမ်ပါ

ကဗျာကို ရိုးရိုးသားသား
ချစ်
လူတွေ ကြား တွဲ ဓါတ်ပုံ ရိုက် မတင်တတ်လို့
နှိမ်ပါ

ငါ့
နှိမ်
ပါ……………။

သိင်္ဂါလှိုင် ကဗျာမြေသား
04082014
19:10


Posted via Blogaway

အချစ်

အချစ်

လှိုင်း
ပြေပြေလေး
ကမ်းကို ချော့ ပုတ်နိုးလို့

သက်ဆင်းသမျှ
လှိုင်း
ကမ်းမှာ တိုးဝင် ပျောက်ကွယ်ခဲ့

ပတ်ဝန်းကျင် စကားလုံးတွေ
နားယောင်တဲ့
အခါ
အချစ်ကြီးလို့အမျက်ကြီးတဲ့
လှိုင်း
ကမ်းပါး ကို တိုက်စားပစ်လိုက်တယ်

သိင်္ဂါလှိုင် ကဗျာမြေသား
05092014
08:31


Posted via Blogaway

Wednesday, September 3, 2014

"ပစ်တိုင်းထောင်"

"ပစ်တိုင်းထောင်"

ဘဝက
အောက်ခြေကို အလေးပြုလို့
အပြုံးမျက်နှာနဲ့ ရင်ဆိုင်နေခဲ့

အပူ ကြိုးမရှုပ်
အဲဗား စမိုင်းအနေထားနဲ့
ရှစ်ပါးပြည့်လောကဓံ ကို ရင်ဆိုင်လို့ပေါ့

ပစ်ချင်သလို ပစ်လိုက်
အမြဲ 
ခေါင်းကိုမော့ ရင်ကိုကော့လို့
ကြုံလာသမျှ အပြုံနဲ့ ဆီးကြို
လောကကို ဟားတိုက် ပြနေခဲ့တယ်

ခွေးဟောင်တိုင် ခေါင်းငုံမကြည့်တတ်တော့
ဝေဖန်တိုင်း ပုံစံမပြောင်းခဲ့
ခိုင်မာတဲ့စိတ်နဲ့ အမြဲ ခေါင်းထောင်
ယုံကြည်ချက်တွေ ရှင်သန်နေတဲ့သူ

မေတ္တာတရားနဲ့ပြုံးပြ
မြင်သူကို အားကျစေလို့
ယုံကြည်ချက် ခွန်အားကိုတိုးပွား
သူဟာ
လူတကာရဲ့ စံ တစ်ခုဖြစ်ခဲ့ပေါ့……။

သိင်္ဂါလှိုင်(ကဗျာမြေသား)
10062014
15:51


Posted via Blogaway

Monday, September 1, 2014

"မီးပွားတွေ ပစ်မတင်ကြပါနဲ့"

"မီးပွားတွေ ပစ်မတင်ကြပါနဲ့"

မိုးမျှော် ကပ်ဆံတွေ
ကောင်းကင် ကို ငေးကြည့်နေ

စား သတိ
သွား သတိ
ဆေးလိပ်တောင် ရဲရဲ မဖွာရဲခဲ့

လောင်လွယ်တဲ့ စိတ်
အချိန်နဲ့မျှ စောင့်ကြည့်နေတယ်

ချစ်ခြင်းတရား ရဲ့ ဒုလ္လဘ တရားများ
သင့်ကြောင့် မီးမလောင်ပါစေနဲ့

သိင်္ဂါလှိုင်(ကဗျာမြေသား)
02082014
08:15


Posted via Blogaway