"အညတရ အာဇာနည်"
ရွက်ခြွေခြောက်များ စိမ်းစိမ်းစိုနေတဲ့လမ်း
အနီရောင်များ စွန်းထင်နေရဲ့
အမှောင်ကြောက်လို့
အမှောင်ကို ငြိမ်းသတ်
ဘဝတွေ ကြွေကျစေခဲ့ပေါ့
ရိုးသားစိတ်နဲ့ယုံကြည်ရာ
သံမဏိစိတ်တို့ ထွန်းတောက်
သမိုင်းဟာ ရိုင်းပြခဲ့လေပြီ
အမည်မသိ သူတို့
ရဲသွေးနဲ့ အလင်းထွန်းညှိ
ခန္ဓာနဲ့တွန်းဖွင့်တဲ့ တံခါး
ကမ္ဘာမကြေတဲ့ ဥဒါန်း
အာဏာရှင်မုန်းတဲ့ အရိုးမြည်သံ
ဒီကျောင်းနရံ တွေမှာ ကြားနေရတယ်……။
သိင်္ဂါလှိုင် ကဗျာမြေသား
15082014
20:45
Posted via Blogaway
No comments:
Post a Comment