"အောင်ပင်လယ်"
ရှေး သမိုင်း ပြောစကားကြားခဲ့
ကနောင်မင်းသား လက်နက်ရုံထွက်ရေမြုပ်မိုင်း စမ်းသပ်ခဲ့ အောင်ပင်လယ် ကန်
ကြာဖြူကြာပြာ ပွင့်ခဲ့ တဲ့စကား
လူကြီးများပြော နားထောင် ရင်း
လယ်တော အစစ် ဖြစ် ခဲ့တဲ့ အောင်ပင်လယ်
နန်းတော် ရှေ့ဆရာတင် ကတော့
ကောင်းဖို့ ခေတ်ကို စောင့်မျှော် နေခဲ့တယ်။
သမိုင်း တန်ဖိုး အမွေအနှစ်
သဘာဝ သယံဇာတကို ခေတ် စံနစ် ခြစား
ရှေးစကားတွေ အဖြစ်နဲ့ အိပ်ယာဝင် ပုံပြင်
ဖြစ်ခဲ့ ရ အောင်ပင်လယ်။
တလင်းနယ်ဖို့ လယ်မြေကို မြေဖို့တာပါ
ဆိုတဲ့ အကြောင်းပြချက်နဲ့
ကုလားအုပ် ခေါင်းဝင်သလို အစပျိုးလို့
လယ်မြေကို တဲ ထိုးခဲ့။
လယ်မြေ ယာမြေကို အိမ်ခြံလုပ်တဲ့
ခရိုနီ သမား အတ္တများကြောင့်
လယ်ယာမြေများ အိမ်ခြံဖြစ်ရ ။
မန္တလေးတောင် ပေါ် ကြည့် ရှု့ခင်း
စိမ်းစိမ်းစို လယ်ကွင်အဖြစ်မှ
သွပ်မိုး ထရံ တိုက်အိမ်တွေ အဖြစ်မြင်တွေ့
အောင်ပင်လယ် မြို့ဖြစ်နေခဲ့ ပြီ။
တော်လိုက်တဲ့ ဦးနှောက်
ရာဇဝင် သမိုင်း ပျောက် လို့
မြို့တော် အသစ်ချဲ့ထွင်း တတ်လိုက်ပုံက
သမိုင်းဆိုတာ ရှေးစကားဖြစ်ခဲ့ရတယ်။
ဒီလိုနဲ့
နန်းတော်ရှေ့ ဆရာတင် သီချင်းကို ပဲ
ဆိုညည်းလို့ စိတ်ရှိလက်ရှိ
ကန်ဘောင်အထက်ကနေပဲ
အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ်
အော် ဆိုနေမိခဲ့တယ်။
သိင်္ဂါလှိုင်(ကဗျာမြေသား)
06042014
13:33
Posted via Blogaway
No comments:
Post a Comment