"ညီမလေး......သို့"
ညီမလေး
ဟိုမိုးကုပ်စက်ဝိုင်းဆီတနေရာမှာ
စိတ္တဝိမုတ္တိဖြစ်တဲ့နေရာရှိတယ်
ညီမလေး။
ဘဝရဲ့ရှုပ်ထွေးခြင်းတွေကသောကဖြစ်စေခဲ့တော
စိတ်တွေကို သန့်ရှင်းနေရတယ်
ညီမလေး။
ဝဋ်တစ်ခုရဲ့တောင်းဆိုမှုက
ဘဝတစ်ခုလုံးထိုးကြွေးရတာကို
မလောက်င နိုင်အောင်ဖြစ်နေတော့
လည်းစင်းပေးယုံပဲ
တတ်နိုင်တော့တယ်
ညီမလေး။
ဘဝတွေက အတ္တတွေကို
ကြပ်စည်းထုပ်ထားတော့
ဖြေလျော့ဖိုဆိုတာ
တော်ယုံသတ္တိနဲ့တော့မရဘူး
ညီမလေး။
မသိမှုတွေက ပေါက်ဖွား
အချစ်တစ်ခုရဲ့ဖြူစင်မှုက
ခံစားတတ်သူတွေအပေါ်မှာပဲ
မူတည်ခဲ့တယ်
ညီမလေး။
အကိုတို့တွေက လောကမှာကပြ
ဇာတ်ရုပ်တစ်ခုဖြစ်ပေမဲ့
စောစောသေလို့နားရတယ် မထင်လိုက်ပါနဲ့
ခေါင်းပြောင်းကရတဲ့လူမလောက်တဲ့
ဇာတ်ပွဲတစ်ပွဲလိုပါ
ညီမလေး။
စိတ်တွေအေးငြိမ်းသောကဝေးဖို့ဆိုတာ
ဘဝမှာဖြစ်တည်လာသမျှအကောင်းမြင်မှဖြစ်မှာပါ
ညီမလေး။
ကံတရားချယ်လယ်မှုတွေက
မျက်စိတွေအမြင်ချို့စေလို့
ငရဲပန်းလဲကြာထင်တတ်တယ်
ညီမလေး။
အမြင်မမှားစေဖို့
အသိတရားတွေ လက်ကိုင်ထားလို့
မင်းဘဝလျှောက်လှမ်းနိုင်ပါစေ
ညီမလေး။
ရွှင်လန်းချမ်းမြေ့ပါစေ
ညီမလေး။
သိင်္ဂါလှိုင်(ကဗျာမြေသား)
Posted via Blogaway
No comments:
Post a Comment