"ပန်းကလေး သိစေရန် (၄)"
ပန်းကလေးရေ
ဖြူစင်ခြင်းသံယောဇဉ်
အရောင်စဆိုး ချစ်ခြင်းကို စဖြစ်ခဲ့သူပါ။
နေဝင်ညနေခင်းတိုင်း
မြေအိုးမြှီးရှည် စားခဲ့
နင့်အတွက်တော့ အစာပြေ
ငါ့အတွက် ညစာ ဖြစ်လို့
တစ်ဝိုင်းထဲစားတာတောင်
ရည်ရွယ်ချက်တွေ မတူညီခဲ့ကြ
ပြန်တွေး ကြည့်မှ သိခဲ့ရတယ်။
သူငယ်ချင်းဆိုတဲ့ စည်း
ခပ်ပါပါးလေး နင်းကျော်ခဲ့
ငါချစ်ခဲ့တာ တစ်ဘဝစာ
ယုံကြည်ခြင်းတွေ အပြည့်နဲ့ ပေါ့
ပန်းကလေး။
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာတွေက
အချစ်ကို ကန့်သန့်
အိပ်မက်တွေပဲ ဖြစ်ခဲ့လိမ့်မယ် မထင်ခဲ့ဘူး။
တန်းဖိုးရှိတဲ့ ပန်း
လိုချင်သူတွေ များမှန်း
ငါ သိပါတယ် ပန်းကလေး။
စိတ်ညစ်ရင် ဟာသတွေဖတ်
ပြောဖြစ်ခဲ့တဲ့ စကားတွေက
ဟာသတွေဖတ် စိတ်ညစ်တတ်လာတယ်
နင့်ကို လွမ်းလာလို့ ဖြစ်မယ်။
လရောင်အောက်မှာ ရှာတဲ့အခြမ်း
နေရောင်အောက်မှာ လွမ်းလို့
ချစ်ခြင်းတရားက
နယူတန် နိယာမ ကန့်သတ်ခံ လို့
ဘာမြူဒါ တြိဂံဖြစ်နေရပြီ။
သိင်္ဂါလှိုင်(ကဗျာမြေသား)
Posted via Blogaway
No comments:
Post a Comment