Friday, August 29, 2014

အရိုင်းစိတ်တွေ ပေါက်နေတဲ့ တောင်တန်း

အရိုင်းစိတ်တွေ ပေါက်နေတဲ့ တောင်တန်း

အပြစ်ကင်းဖြူစင်ခြင်းတိမ်များ
ရွေ့လျား ကုန်ကြပြီ

မာန်ထနေတဲ့ ပင်လယ်လှိုင်း
သပ်သွင်းခံထားရတဲ့ မုတ်သုန်များ
အစိမ်း……အစိမ်း ဖြစ်နေ

သစ်ဝါးတို့ ရိတ်သိမ်း ခံရတဲ့ ဆုံး
ကြည်လင်တဲ့ စိတ်တို့ ပျက်သုဉ်းလို့

ရွာသူအနှောက်ခံထား
သူလို
တည်ငြိမ်ခြင်းတို့ မဲ့လျော့ကုန်ပြီ ……။

သိင်္ဂါလှိုင်(ကဗျာမြေသား)
29082014
19:29


Posted via Blogaway

No comments:

Post a Comment