Tuesday, August 12, 2014

"ပန်းကလေး သိစေရန် ( ၇ )"

"ပန်းကလေး သိစေရန် ( ၇ )"

ပန်းကလေးရေ
တေးငိုသံကြားရတဲ့ နားဟာ
အခြားတစ်ဘက်ပြန်မထုတ်
နှလုံးအိမ်ကိုမှ လာပုတ်တော့
ငါ မခံစားနိုင်ခဲ့ဘူး။

မြင်သမျှခြောက်သွေ့တဲ့တောဟာ
လေကြောင့်လဲ တောက်လောင်တတ်တာ
သိခဲ့ရပြီ ပန်းကလေး။

သစ္စာတရားက
ပြန်မလာတဲ့လမ်းကို မျှော်ငေးလို့
တကိုယ်ရည် ညတွေ ဖြတ်သန်းနေပေါ့။

ဖြစ်ခြင်းတရားတွေနောက်
ပျက်ခြင်းတရားရှိတယ်ဆိုပေမဲ့
တောက်လောင်တဲ့ အလွမ်း
ငြိမ်းနိုင်ဖို့
ငါ ………
တစ်ဘဝလုံး စောင့်နေရတယ်
ပန်းကလေး။

သိင်္ဂါလှိုင် (ကဗျာမြေသား)


Posted via Blogaway

No comments:

Post a Comment