Tuesday, August 19, 2014

တွင်ခုံ

တွင်ခုံ

ဘယ်လိုမာကြောကြော
လိုသလို ပုံဖော်ပေးတယ်

မာနတွေဖြိုချပေးတယ်
ငြင်းခုံးခြင်းတွေ ရှင်းလင်းပေးတယ်
မလိုချင်တာဖယ်
လိုချင်တဲ့အရာ ချန်လို့

အသုံးမဝင်တဲ့ အရိုင်းများ
ယဉ်ကျေးစေခဲ့ပေါ့....။

သိင်္ဂါလှိုင် (ကဗျာမြေသား)
19082014
10:02


Posted via Blogaway

No comments:

Post a Comment