"သတိရ ဆည်းဆာ"
ပူပင်တဲ့ စိတ်
ခြူစွဲခံကြောင်ခြေလှမ်း
လူတကာ ကြားမြင်နေကြ
ကလင်ဒါ ဂွင်ကျ
အလွမ်း
အချိန်တန် ရောက်ရောက်လာတယ်
ပြန်လာပြီ
သတင်း မကြားရ
ဆက်သွယ်ပြတ်တောက်သွားတဲ့ စွန်လေ
ရစ်ကြိုးဘီးလေးအဝေး ထွက်ပြေးလို့
ဘယ်အပင်မှာ သွားချိတ်နေလဲ
ကိုယ်ကတွေးလို့
စိတ်က မေးလို့
ညနေ…။
သိင်္ဂါလှိုင် ကဗျာမြေသား
14082014
17:49
Posted via Blogaway
No comments:
Post a Comment