Saturday, August 23, 2014

ပဲ့တင်သံများ

ပဲ့တင်သံများ

ဒြပ်ထုတစ်ခုရဲ့ အရိပ်
ချေဖျက်နေ တဲ့ စိတ်

အော်သံနောက် ပဲ့တင်ထပ်လာတဲ့ အသံ
လွှမ်းနိုင်အောင် အသံကုန်ဟစ်နေတဲ့ စိတ်

သံသရာ ထပ်ထပ်ကျော့နေ

ကိုယ့် စိတ်နဲ့ကိုယ်
သံသယ
အရူးဖြစ်နေတဲ့ ဘဝများ

အမှန်မသိတဲ့ လမ်း
ရှည်လျားနေခဲ့ပေါ့……။

သိင်္ဂါလှိုင်(ကဗျာမြေသား)
23082014
17:21


Posted via Blogaway

No comments:

Post a Comment