"မရှိခြင်းက မြေကြောချုံ့စေတယ်"
အားနေတဲ့ စိတ်
အိမ်မှာပဲ ကျောက်ချထားလိုက်တယ်
အိတ်ကပ်မပါတဲ့ အင်္ကျင်္ီ ကိုဝတ်လို့
မျက်လုံးကိုပဲ အလုပ်ပေး
ဦးဏှောက်ကို ဓာတ်စာကျွေးနေမိပေါ့
မလာသူကိုလဲ မမျှော်တော့ဘူး
အတုအစစ်ကို မှတ်ကျောက်တင်နေတဲ့
ငရဲမီးမှာ
ရွှေအစစ်က ရှာမတွေ့ခဲ့
သိင်္ဂါလှိုင် ကဗျာမြေသား
19082014
17:59
Posted via Blogaway
No comments:
Post a Comment