Tuesday, August 12, 2014

ရန်ကုန် မှာ ကြွေသွားတဲ့ ကြယ်

ရန်ကုန် မှာ ကြွေသွားတဲ့ ကြယ်

ခဏ ရန်ကုန် ဆင်းမယ် ပြောပြီး
ပြန်မလာတော့ ဘူး

စာမလာ
သတင်းမကြားနဲ့
မန်းတလာ ကို ပြန်မလာတော့ဘူး

ပင်လယ်မှာ ပျော်
လယ်မြေမှာ ထွန်ယှက်
စာဝါလေး နဲ့ ပျော်နေရှာ သူ

ခေတ္တခဏ ခွဲခွာခြင်းက
မဆုံတွေ့ ဖြစ်တော့တာ မသိခဲ့
မာယာမြုံးထဲ မိသွားတဲ့ ငါးတစ်ကောင်
ရန်ကုန်မှာ ကြွေကျသွားတယ်

ကြွေခဲ့တယ် ကြယ်တစ်လုံး
လူတွေ မသိလိုက်တဲ့ ည
အသံလိုင်းက ကြားလိုက်ရ

ပုထုစဉ် သဘာဝ မှာ
မာရ်နတ်ဟာ ဘုရင် ဖြစ်တာ
ငါ သိလိုက်ရတယ်……။

သိင်္ဂါလှိုင် ကဗျာမြေသား
13082014
08:40


Posted via Blogaway

No comments:

Post a Comment