အညမည
ဖန်ခွက်ရဲ့ထုထည်
အလင်းကဖော်ပြတယ်
ရှိခြင်းက မရှိခြင်းကို ညွှန်းဆို
လက်ဖဝါး အမြင်တရားက လက်ဖမိုးကိုဖြစ်ပေါ်စေခဲ့
စာသားသက်သက် က
ပုံစံကို အဖော်ပြုတယ်
ဗလာနယ်ရဲ့ အရှိတရား
အသိဥာဏ်နဲ့ တိုင်းတာခဲ့
အကြောင်းမဲ့ မဖြစ်တတ်တဲ့ သဘာဝမှာ
အချစ်ရေ
အားလုံးကို အစွန်းမရောက်စေရဘူးဆိုတာ
သတိရှိ သိရပါတယ်
အလင်းကြောင့်
အမှောင်ဟာ ဘယ်လောက်မှောင်တယ်ဆိုတာ
ပိုပိုသိနေရတဲ့ ကမ္ဘာ
ဒီလိုနဲ့
ဘာမှမသိသေးတာ သိခဲ့ရတယ်
ကမ္ဘမှာ .......။
သိင်္ဂါလှိုင် (ကဗျာမြေသား)
Posted via Blogaway
No comments:
Post a Comment