ကဗျာ ရေးမရခြင်း
တင်းကြပ်တဲ့ ဝေဒနာကို
ဖောက်ချဖို့
အက္ခရာတွေ ချိတ်ဆက်နေမိခဲ့တယ်
ကဗျာဟာ
ထွက်ပြေးသွားတဲ့ ရင်မှ
ခေါ်ယူမစွမ်းတဲ့ ည
လွတ်ပြစ်လိုက်တဲ့
စကားစု ဝါကျများသာ
တောင်ပုံယာပုံနဲ့ ငါ့ အခန်းထဲ
ကဗျာဟာ ဖြစ်မလာခဲ့
ခံစားချက်တွေ
မီးခိုးမဆုံး အတွေးမဆုံး
အရသာမဲ့တဲ့ သတင်းများ
ဆူညံနေမှုများ
ကောလာဟလများ
ရောထွေပြွတ်သိပ် ပြည့်သိပ်
အစဆွဲထုတ်စရာ စကားစများက
နာကျင်စရာတွေ ပဲဖြစ်နေ
အလှဓါတ်ပျောက်ဆုံးနေတဲ့ ကဗျာ
ရင်မှာ ထွက်ပြေးနေတဲ့ ကဗျာ
ပုံဖော်လို့ မရတဲ့ အဆုံး
နှလုံးသားအဟာရနဲ့
ကဗျာကို
ဒီည
ငါ
ကဗျာနဲ့မျှားနေမိခဲ့တယ်။
သိင်္ဂါလှိုင် ကဗျာမြေသား
20062014
20:49
Posted via Blogaway
No comments:
Post a Comment