"ပန်းကလေး သိစေရန် ( ၆ ) "
ပန်းကလေးရေ
ရာသီလုနေတဲ့ ကာလ
သတိရနေမိတယ်။
လူမရှိတဲ့လမ်း
သတိရခြင်းတွေ ပြိုလဲနေလို့
အဖော်မဲ့ စိတ်တွေ လွမ်းနေမိတယ်။
ပန်းကလေး
မင်း အိပ်စက်နေပြီလား။
ငါတစ်ယောက်သာ
လမ်းပျောက်သူတစ်ယောက်လို
ယောင်ချာချာနဲ့
ဘဝက ညဥ့်နက်
အိပ်ပျက်နေခဲ့ ပြီ ။
မဲမှောင်နေတဲ့ ကောင်းကင်
ချိပ်ဆွဲထားတဲ့ " လ"
အဖော်မဲ့နေလိုက်တာက
အထီးကျန်ဘဝတူတွေ လို့ပြ
သူတောင် ငိုပြနေတယ်
ပန်းကလေး ။
အချစ်တစ်ခုရဲ့ ဒဏ်ရာ
ဝေဒနာတွေက တဆစ်ဆစ်
သောက်ဖြစ်တဲ့ဆေးလိမ်တောင် မီးသေ
ငါ့သွေးတွေ လှူနေဖြစ်တဲ့ ညပေါ့။
ပန်းကလေး
အလွမ်းစစ်စစ်ရနံ့ တွေ
တစ်ချက်ဝေ့ မြောက်လေမှာ
မင်းစိတ်မှာ ရှူရှိုက်မိလို့
ငါ့ အဖြစ် မင်းသိပါစေ ……။ ။
သိင်္ဂါလှိုင်(ကဗျာမြေသား)
Posted via Blogaway
No comments:
Post a Comment