ဆိုက်တွဲ
ဝမ်းရေးက
တစ်ယောက်ထဲတုန်းကလို
ကယ်ရီယာခုံလေးနဲ့ အလုပ်မဖြစ်တော့
များသယ်မြန်မြန်ပို့
ငါ့မိသားစုလေး ဝမ်းဝဖို့ ဆိုတဲ့
ခေတ်ကတောင်းဆိုတိုင်း ဘေးကတွဲခေါ်နေရတယ်
သမီးလေး ကျောင်းတက်ဖို့
သားငယ်လေး ကျူရှင်ဖိုး
အလီလီဖြည့်ဆီးပေးရအောင်
ကြပ်နေတဲ့ခေတ်ကြီးမှာ
မျက်ဖြူဆိုက်နေတဲ့ တွဲကြီး
လွယ်အိတ်ကြီးလို လွယ်သွားနေရတယ်...။
သိင်္ဂါလှိုင်(ကဗျာမြေသား)
19082014
15:08
Posted via Blogaway
No comments:
Post a Comment