Sunday, August 17, 2014

အရောဝင်မိတဲ့လက်မှာ သွားရည်တွေနဲ့

အရောဝင်မိတဲ့လက်မှာ သွားရည်တွေနဲ့

ချိုမိုင်မိုင် အကနဲ့
သွားပေါက်နေတဲ့ လောက

ကျီစယ်စကားပြောခဲ့မိ ချစ်ခြင်း
မှားယွင်းခဲ့လေလား

ချိုချဉ်တစ်လုံး အတွက်
ထပ်နင်းခံလိုက်ရတဲ့ ခြေထောက်
ဒေါသပဲဖြစ်ရမလား
သကြားလုံးပဲ ထပ်ပေးလိုက်ရမလား

ပြိုင်ဖြစ်လို့
တူညီသွားမဲ့ ဘဝမှာ
သွေးထွက်တာပဲ အမြန်ကုလိုက်တော့မယ်

သိင်္ဂါလှိုင် ကဗျာမြေသား
17082014
11:44


Posted via Blogaway

No comments:

Post a Comment