သံကြိုးစာ
ငါ့ ကိုယ် ငါ
ဘယ်တော့မှ သတ်မသေဘူး
ဘာလို့လဲ ဆိုတော့
သေခြင်းတရားက ငါ့လက်ထဲမရှိဘူးလေ
ငါ့ရှင်သန်ဖို့က
ငါ့ နိုင်ငံ ငါ့ လူမျိုးရဲ့ ဓလေ့ထုံးလမ်း အစဉ်အလာ
သူတို့ရဲ့ ရိုးသားခြင်းတွေမှာ အပ်နှံထားခဲ့တာမို့ပါ
ငါ့ကိုယ် ငါ
ဘယ်တော့မှ သတ်မသေဘူး
အဖန်ငါးရာ ငါးကမ္ဘာကို ကြောက်လို့မဟုတ်ဘူး
မြေသြဇာစား ရှင်သန်ရတဲ့ ပန်းကလေးတွေလို
ငါ့ ရှင်သန်မှု့က
ငါ့နိုင်ငံ ခေါင်းဆောင်တွေ ရဲ့ လက်ထဲမှာမို့
ငါ့ သေခြင်း ငါကိုယ်တိုင်မှ သတ်လို့မှမရတာ
စိတ်ချပါ
ငါ့ ကိုယ် ငါ
ဘယ်တော့မှ သတ်မသေဘူး
ငါ့ အသိဥာဏ်
ငါ့ အတွေးအခေါ်
ငါ့ အနုပညာခံစားတတ်မှု့
ငါ့ ပျော်ရွှင်ခြင်းတွေမှာ
ငါ့ကိုယ် ငါ သတ်သေစရာ သေဆုံးစရာမှ မရှိတာ
ငါ ရှင်သန်နေတုန်းမှာ
ငါ တာဝန်ကျေချင်တယ်
ငါ့ နိုင်ငံ ငါ့လူမျိုး ကောင်းစားစေဖို့ပေါ့
ဒီတော့
ငါ့ကိုယ် ငါ
ဘယ်တော့မှ သတ်မသေးဘူး။
ငါ့ သေခြင်းက
ငါ့လက်ထဲမှ မရှိတာ…။
သိင်္ဂါလှိုင်
22112014
09:10
Saturday, March 26, 2016
သံကြိုးစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment