Wednesday, March 16, 2016

"အချစ်က ပိုဖလံတစ်ကောင်လို့ ကျင့်ကြံနေခဲ့တယ်"

"အချစ်က ပိုဖလံတစ်ကောင်လို့ ကျင့်ကြံနေခဲ့တယ်"
=================================
နွေရင်ခွင်မှာ မီးလျံ
နမ်းရှိုက် အလွမ်း သောက တွေ
ဘယ်ဆုတောင်းတွေနဲ့ တောက်ပနေလဲ မသိ။

တိတ်ဆိတ်ခြင်းစကားလုံးများ
အရာရာ ဥပက္ခော ပြုနေတဲ့ ပင်လယ်
ဆိပ်ကမ်းမဲ့နေတဲ့ သင်္ဘော ရင်ခွင်ရှာမတွေခဲ့။

ခိုကိုးရာမဲ့ နေ့ခင်းများ
ချစ်ခြင်းတရားတွေ လှမ်းခေါ်လို့
မှော်တိမ်းနေတဲ့ နေဝင်ချိန်မှာ
မျှော်ခြင်းသာ အားကိုးရာဖြစ်ခဲ့။

ကျရှုံးသူတစ်ယောက်ရဲ့ ချစ်ခြင်းဟာ
စာနာမဲ့ ခံ ဘဝ ဖြစ်လို့
သူရဲကောင်းဆိုတာ အောင်နိုင်သူသာ ဂုဏ်ပုဒ်ပေးကြတာပါ။

အသုံးမဝင် တဲ့ ရေတွင်းပျက်လို
ရေငတ်သူ မဖြေသိမ့်နိုင် ဘဝနဲ့
မေတ္တာတရားက  အခုမှ မိုးတိမ် ဖွဲ့နေတုန်း။

သိင်္ဂါလှိုင်


No comments:

Post a Comment