"လရောင်ပန် တဲ့ည"
မိုးသားတိမ်သားစိုင် တစ်ချို့ ရွေ့လျားလို့ တိမ်ပန်းချီ ရေးစွဲနေကြတယ်…။ဖြတ်သွားဖြတ်လားနဲ့ လမင်းရဲ့ ရှေ့မှာ သူတို့ အလှပိုမို စွဲမက်ဖွယ်ကောင်းအောင်လို့ လရောင်ကို လှုံနေကြသည်။လမင်းရဲ့ အလင်းဟာ လေပြေထဲ တင်းပြည့်ကြပ်ပြည့် စီးဆင်း၊သစ်ပင်က သစ်ရွက်လေးတွေနဲ့ မြေပြင်ပေါ်က ရွက်ကြွေခြောက်လေးတွေ ပါ လရောင်နဲ့ ရွှဲရွှဲစိုနေတယ်။
ည
ဖိုးလမင်းကြီး သာယာနေတဲ့ ည။
ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာ လမင်းရဲ့ အလင်းဟာ ချစ်စိတ်ကို နိုးကြားစေတယ်။
မေတ္တာတရားကို လရောင်နဲ့ ခိုင်းနှိုင်းပြောဆိုကြတယ်။ချစ်သူတွေ တွေ့ဖို့ ချိန်းဆိုကြတဲ့ အချိန်၊ချစ်သူနှစ်ဦး ပျော်မြူးလို့ လမင်းမှာ အကြည့်ဆုံ ရင်ခုန်ကြ တဲ့ အချိန်၊ချစ်ခြင်းတရားရဲ့ အသီးအပွင့်ဖြစ်တဲ့ လွမ်းနေသူတွေ အတွက်လဲ လရောင်ဟာ အလွမ်းဖြေစရာ ဖြစ်ခဲ့တယ်။အခုလဲကြည့်လေ ချစ်ခြင်းတရားကို အသံကုန်ဟစ်ပြီ နှလုံးကွဲခံ ဆိုညီးနေတဲ့ ပုစဉ်ရင်ကွဲလေးတွေ လူလုံးမပြပဲ အသံတွေပဲ ကြားနေရတယ်။
အချစ်စစ်အချစ်မှန်ဆိုတာ ချစ်နေဖို့ပဲ လိုတယ်ဆိုတာ မပြောပဲ ပြောနေသယောင်နဲ့ သဘာဝတရားရဲ့ အဆိုကို သူတို့က အချစ်ဒသန ကို ရွတ်ပြနေကြတယ်။
မေတ္တာတရား ပါတဲ့ အချစ်ဟာ အေးချမ်းခြင်းကို ဖော်ညွှန်းပြနေတယ် လေ။
ဒါကိုပဲ လရဲ့အလင်းရောင်ဟာ ပင်လယ်ကို ရူးသွပ်စေတယ် ပြောကြတယ်။လရောင်ရဲ့ မြူခြင်းကို ခံရတဲ့ပင်လယ် တဲ့။
တကယ်တော့ လရောင်ကြောင့်ရူးတာမဟုတ်ဘူး။ပင်လယ်ဟာ လရောင်ကြောင့် သန်မာလာတာ။ကြီးမြတ်လာတာ။ဒီရေဟာ လရောင်ကြောင့် မရောက်ဖူးတဲ့အရပ်ကို ရောက်ခဲ့ရတာပါ။ဒါကိုနားလည်မှု့လွဲမှားတဲ့ သူတွေကြောင့် လမင်းရဲ့ အလင်း ဟာ နာမည်ပျက်ခဲ့ရတာ။ပင်လယ်ဟာ လရောင်ကြောင့် ပျော်ခဲ့ရတာ လူတွေမသိတဲ့ လျှို့ဝှက်ပုစ္ဆာ တစ်ပုဒ်ဖြစ်ခဲ့ပေါ့……။ချစ်သူတွေ ပျော်ခဲ့ရတဲ့ ည ဟာ ဒီ လရောင်မပါရင်
မပြည့်စုံခဲ့ဘူး။
လရောင်တွေ တင်းပြည့်ကြပ်ပြည့် နဲ့ စီးဆင်းနေတဲ့ လေပြေထဲမှာ အညာဒေသတွေရဲ့ ရနံ့ဖြစ်တဲ့ တမာရနံ့၊သရက်ဖူးရနံ့လေးတွေက တွဲခိုစီးမျောလို့ နေကြပေါ့။နှာသီးအဝမှာ တစ်ချက်တစ် လေအဝှေ့မှာ ဖြတ်သန်းသွားတဲ့ ရနံ့လေး က စိတ်ကို လန်းဆန်းစေလို့လေ။ဘယ်ကို လွမ်းလို့လွမ်းရမှန်းမသိအောင်ပဲ ရွားတောင်ပိုင်းက
လော်စပီကာ အသံချက်စက်က ကိုတင်လှိုင်ရဲ့ ဝေဒနာပြပွဲက တစ်ချက်ချက်ကျယ်လာလိုက် တိုးသွားလိုက်နဲ့ စိတ်ကို ညှို့ယူလို့ လမင်းကို ပဲ ငေးမော့ကြည့်နေမိလိုက်တယ်။
ထုံးဖြူသုတ်လိမ်းထားတဲ့ အရိုးအိုးစေတီလေးက ဆည်းလည်းသံလေးဟာလဲ တစ်ချက်ချက် မြည်လွင့်လာလိုက်တဲ့ အသံဟာ ကာယကံ၊ဝစီကံ၊မနောကံ ပြစ်မှားထားတာရှိ လာတောင်းပန်လှည့်ပါ။ခွင့်လွှတ်ပါတယ် ဆိုတာ မဂ်တားဖိုတား မဖြစ်အောင် လာတောင်းပန်လှည့်ပါ ဆိုသလို အလား စိတ်ထင်မှတ်စေခဲ့တယ်။တရားအားထုတ်လို့ စိတ်နှလုံးအေးချမ်းအောင် လာပြီး တရားထိုင်လှည့်ပါလား ။နိဗ္ဗာန်ရောက်အောင် ရှု့မှတ်ပါလား ပြောသယောင်နဲ့ လရောင်စီးတဲမြစ်အလယ်မှာ သပ္ပါယ်စွာနဲ့ အိနြေ္ဒရရ တည်ကြည့် အေးချမ်းလို့ မြင်သူစိတ်ကို ချမ်းမြေ့အေးချမ်းစေလို့ လေ။
အလင်းတွေ ဖွေးဖွေးလှုပ် အဖြူအမဲ နှစ်ကာလာနဲ့ဆွဲထားတဲ့ ပန်းချီးကားတစ်ချပ်လို သဘာဝ တရား အလှ ပြီးပြည့်စုံနေတဲ့ ည မှာ ကျွန်တော်ရဲ့ အိပ်စက်ခြင်းကို ခိုးယူခံလိုက်ရတယ်…။အိပ်ပစ်လိုက်ရမှာကို နှမြောတသ အဖြစ်နဲ့ စိတ်ကို စွဲဆောင်လို့ နေတယ် ည ပေါ့။
ဒေါသ လောဘ တို့ ကင်းကွာ အေးချမ်းတဲ့ သန္တာရ ရသ အပြည့်အဝ ခံစားနေခဲ့ ရ ည။
ဒီ ညကို လူသေကောင်တစ်ယောက်လို အိပ်စက်ပြီ အချိန်မကုန်ဆုံးစေချင် အမှန်ပါ။စိတ်ဟာ အေးချမ်းကြည်နူးခြင်းနဲ့ လေတဖြူးဖြူး တိုက်ခတ်နေတဲ့ စေတီရင်ပြင်လေးမှာ ပက်လက်လေးနဲ့ ကောင်းကင်းက လမင်းကို ငေးကြည့်ရင်း လရောင်ကို လှုံနေမိခဲ့တယ်။ လရောင်လှုံဆိုလို့ ရှေးပုံပြင်အဖြစ် လူကြီးတွေ ပြောကြားတာ အမှတ်ရနေမိတယ်။လူကြီးတွေ ပြောတာက မနူစာရီ မင်းသမီးလေး တစ်ယောက် အကြောင်းပေါ့။ သူက လရောင်ကို ချိုးတယ်။သူရုပ်ဟာ အမြဲနုပျိုလန်းဆန်းနေတယ်။ ရှေးစကားပုံပြင် အမှတ်နဲ့ ပြောခဲ့တဲ့ဇာတ်လမ်း မဆီမဆိုင် သတိရနေမိလို့ ။ကျွန်တော်လဲ အခုလရောင် ချိုးသလိုနေတော့ ကိုယ်ခန္ဓာများ နုပျိုနေမလား ကိုယ့်ကိုကိုယ် မှန်ထဲ ပြေးကြည့်မိတဲ့စိတ် အတွေးပေါက်လို့ ပြုံးမိလိုက်သေးတယ်။
ကောင်းကင်ပေါ် ကို မော့ကြည့်ရင် စိတ်နဲ့မျဉ်းတွေဆွဲရင် ပုံပေါ်နေတဲ့ ကြယ်တွေမိုးလုံအပြည့် တောက်ပနေကြတယ်။သူတို့ဟာ လရောင်ကို မယှဉ်ပြိုင်နိုင်သိလို့
သူတို့ရှိနေတယ်ဆိုတာလောက်နဲ့ ထွန်းလင်းတောက်ပ ပြနေတယ်။ဂလက်စ်စီခေါ်တဲ့ နို့ရည်စမ်း မြစ်ကြီးက ကောင်းကင်မှာ စီးဆင်း လို့နေတယ်။ ဒီမြစ်ကြီးထဲမှာတော့ကြယ်တာရာတွေဟာ ငါးကလေးတွေလို တိုးလို့ဝှေ့လို့ အပြိုင် ကူးခတ်နေကြလို့ပေါ့။
သဘာဝ တေးသီသံသဲ့သဲ့ အုန်းပင်တွေ ရှိတဲ အရပ်က တေးဆိုလို့
ဘဝ ဟာ မှော်အိပ်မက်ထဲ ဖမ်းစားခံရ လူတစ်ယောက်လို အရာရာ ဟာ လှလို့ ပလို့ ကြည်းနူး နေလို့နေတယ်။
နိုင်ငံရေ အာဏာ လုတာမရှိ။နယ်ရုပ်လေးတွေလို ချကြွေးခံရတာမရှိ။အဃာတ တွေ မရှိ။ရန်လိုခြင်း တွေ မရှိ။မနာလို ခြင်းတွေ မရှိ။စိတ်အပူ ဖြစ်စေမဲ့ အရာ မြူမှုံ တမျှ မရှိ ပဲ နေတဲ့ …ည ပေါ့။
ငြိမ်းချမ်းခြင်းတရားဟာ စကားလုံး တွေရဲ့ပုံဖော်ခြင်းက လွတ်နေတဲ့ ပြယုဒ်လက္ခဏာ။
ဘာသာတရား စစ်စစ် ကို ရှာတွေ့လို ကိလေသာတွေငြိမ်းလို့ နေတဲ့ သူတစ်ယောက်လို
ညဟာ ချိုးဖြူတွေ ပျံသန်မပြပဲ နဲ့ကို စိတ်ကနေ ငြိမ်းနေတာ သိနေတဲ့ ည ပေါ့။
ကျွန်တော် စိတ်ဟာ ဗလာနယ်တစ်ခုလိုဖြစ်နေခဲ့တယ်။လောကကမ္ဘာမြေ မှာ
မတွေ့ခဲ့၊မမြင်ဘူးတဲ့ နေရာ ဒေသ အသစ်တစ်ခုလို သာယာ အေးချမ်းလို့နေတယ်။
ရောက်ခဲ့ တဲ့ နေရာ။ခံစားလိုက်ရတဲ့ ရသ။လရောင်ပန်းတွေ နဲ့ ဝေဝေဆာဆာ ပန်ထားတဲ့ ည။
အိပ်စက်ခြင်းကို မောင်ထုတ် လူအဖြစ်မှာ လူတစ်ယောက်ရဲ့ ည။
ည…စစ်စစ်ကို ခံစားခဲ့ရတယ်။
အရှေ့ ရိုးမ အထက်ကနေ နေရောင်တွေပြိုဆင်းလို့ အုန်းမောင် ခေါက်သံ ကြားချိန်မှာ
ညစစ်စစ်ရဲ့ အလှ လရောင်ပန်ထားတဲ့ ည
ကျွန်တော် ရင်ခွင်က နေ ပြေးထွက်သွားတော့တယ်။
အဒီနေ့ ည ကို ကျွန်တော် ရှာဖွေးနေမိခဲ့တယ်။
ယနေ့အထိ။
ပြီးပြည့်စုံတဲ့ ည
လရောင်တွေ ဖွေးဖွေးလှုပ် ပန်ထားတဲ့ ည
ထို ညကို ယနေ့ထိ မတွေ့ရတော့ပေ။ကျွန်တော့ ဘဝမှာ အိပ်မက်ပမာ ရောက်လာခဲ့တဲ့ ည။လွမ်းဆွေး သတိရရင်း ဒေါသ၊မောဟ၊လောဘ ကမ္ဘာက ထွက်ပြေးသွားတဲ့ ည ကို တမ်းတရင်း စိတ်ဖြေစရာ ပုံပြင်အဖြစ် ပြောပြမိလိုက်တယ် လရောင်ပန်တဲ့ ည အကြောင်းကို………။
သိင်္ဂါလှိုင်
08082014
18:3
Sunday, March 13, 2016
လရောင်ပန်တဲ့ ည
Subscribe to:
Post Comments (Atom)
No comments:
Post a Comment