Sunday, March 13, 2016

ဒွန်

ဒွန်
==
ကော့ဒ်တွေ ပျက်သုဉ်း ဖောက်ပြန်
စိတ်နားများ ဒေါသလှိုင်းထန်နေ
အမှန်က အမှား နဲ့ အညမည အဖြစ်တွဲရှင်သန်နေတယ်

ခဏခဏ မြေသြဇာဖြစ် ဘဝများ
စိတ်ပျက်ဖွယ် သီချင်းတစ်ပုဒ်ကို
ထပ်ခါထပ်ခါ နားထောင်နေရ
သေခြင်းတရားအပေါ် ရိုးသားပြဖို့ ဘယ်သူမဆို လိုအပ်တယ်

ပေါက်ကွဲထွက်ပျံလာတဲ့ ရယ်မောသံများ
ငိုကြွေးသံများနဲ့ အဆုံးသတ်နေရ ဓမ္မတရားသက်သက်
ဗလာနယ်တစ်ခုရဲ့ မျက်နှာပြင် ၊ မှော်ဆန်လွန်းတဲ့ ပဉ္စလက်
ပကတိ တရားက ယောင်ဆောင်ပျောက်ကွယ်လို့

အသိနဲ့ သတိမှာ မြင်တဲ့ အကြည့်
သေသေချာချာ သိဖို့က အချိန်တစ်ခု၊နည်းလမ်းတစ်ခု
ရိုးသားခြင်းရှိဖို့လိုတယ်……။

သိင်္ဂါလှိုင်


No comments:

Post a Comment