"ငါယုံကြည်ရာကို ဆာဗီယာ စစ်မှတော့ မှင်နီဟာအမြဲထိနေမှာပဲ"
လေလွင့်တဲ့ တိမ်တွေလို အမြဲ စိတ်တွေက ရွက်လွင့် ကမ္ဘာကို ပတ်နေခဲ့။
စိတ်ကဖြစ်ချင်တိုင် ထဖြစ်ဖို့ဆိုတာ ကိုယ်က အလောင်းစည်သူရဲ့ လက်ညှိုးကိုရထားတာမှ မဟုတ်တာ။
စာမေးပွဲမှ ကျရှုံးတိုင် လူရာမဝင်တော့တဲ့ပုံစံနဲ့ အညွှန်ဖြတ် စကားလုံးများ သေဆုံးသင့်ပြီ။
အသက်ကြီးလာတဲ့အမျှ အမှားများလာတဲ့သူတွေက ဆရာလုပ်၊သူတို့ မဖြစ်တဲ့ အရာများ
ပုံစံခွက်ထဲ သိပ်ထည့်နေကြတယ်။စည်သွပ်ဘူး စက်ရုံတွေသာ မိုးဦးကျမှိုတွေလို ထီးဖြူဆောင်းနေကြပေါ့။အမှားကို အမှားတိုင် လက်ဆင့်ကမ်းနေ။ငြင်းပယ်ခြင်းမှာ အလှတရားမထွန်းကားသေးတော့ အသွင်မတူရင် ရန်သူအဖြစ်လို့။ ယဉ်းကျေးမှု့အနုပညာဟာ ကြောက်ခေတ်ထဲကမထွက်။အမှန်တရားချစ်မြတ်နိုးပါ။
အမှန်တရားကို ပြောပါ ပြောပါ ဆိုစကားတွေနဲ့ မှန်တာပြောရွာအပြင်ထုတ် နေကြတယ်။
သဘာဝ စိတ်တွေကို အရောင်ဆိုး၊ကာလာတွေ နဲ့ သတ်မှတ်လို အရှိတရားဟာ
ဖြောက်ဖျက်ခံထားရတယ်။
အဖြူထည် သက်သက် လွင့်မျောနေတဲ့ စိတ်ကူး သူတို့စစ်တဲ့ စာမေးပွဲမှာ အဖြေမဖြစ်ခဲ့။
စံ တစ်ခုရဲ့ မှားယွင်းတဲ့ ကောက်ကြောင်းမှာ ပကတိတရားက လူရာမဝင်ဖြစ်လို့။
သက်ကယ်အိတ်ပါရမယ်။လေလုံး ခန်းပါရမယ်။
မီးသတ်ဆေးဘူးပါရမယ်။အရေးပေါ်ခေါင်းလောင်းပါရမယ်။
ရှေးဦးသူနာပြု ဆေးအိတ်ပါရမယ်။ဆက်သွယ်ရေးစက်ပါရမယ်။
……ပါရမယ်………ပါရမယ်………ပါရမယ်တဲ့။မျဉ်းမဟုတ်တဲ့ မျဉ်း၊စည်းမဟုတ်တဲ့ စည်းနဲ့
တကယ်ရော အသုံးဝင်ပါ့မလားအတွေးများ စိတ်ကူးများ စိတ်ကို တပ်ဆင်လို့ စိတ်ဟာ ပုန်ကန်နေခဲ့တယ်။
လူကြီးတွေက ကလေးတို့ရဲ့ ကစားနည်းစည်းကမ်းမှာခေါင်မှန်ရင် အကုန်ရတယ်ဆိုတဲ့ အရာသာ ဆက်လက်ကျင့်သုံးနေခဲ့။ကိုယ်ရှုံးရင် ရှုံးတယ်ဆိုတဲ့ အရာတော့ ရဲရဲ ပြောဖို့ မေ့ခဲ့ကြပေါ့။(ငယ်ရာက ကြီးလာတယ်ဆိုတာလဲ မေ့လို့)
လင်းလွန်းလဲ မမြင်၊မှောင်လွန်းလဲ မမြင် ဆိုတော့ အလင်းအမှောင် လွန်းထိုးနေတဲ့ သူတွေသာ မြင်သာထင်သာရှိနေခဲ့တဲ့ လောကဖြစ်နေခဲ့တော့
အရာရာ အရှိတရားမှာ ပိဿာလေးနံဘေးထုမိတဲ့ စကားလုံးများမွေးမြူမိတဲ့ စိတ်ဆာဗီယာ မအောင်မြင်ခဲ့တာ မဆန်းပါဘူးလေ။လက်ဖက်မထုပ်တတ်တဲ့ သဘာဝမှာ
ဒီလို အရှိတရားနဲ့ စိတ် လိပ်ပြာဟာ သန့်စင်နေခဲ့။မှင်နီများလေ ငရဲကင်းလေဖြစ်လို့
ကျေနပ်နေတဲ့ စိတ်ကို ငအ လို့ ထင်မြင်ယူဆချင်လဲ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။
ကဲ မိတ်ဆွေ သင် ဘယ်လိုမြင်လဲ……………။
သိင်္ဂါလှိုင်(ကဗျာမြေသား)
15102014
15:54
Posted via Blogaway
No comments:
Post a Comment