"အပျော်ကြံခံလိုက်ရတဲ့ နှလုံးသားမှာ အရှက်ကွဲအကျိုးနည်းဖြစ်နေခဲ့ရတယ်"
နဂိုကတည်း က မချစ်ရင်
စည်းမကျော်ခဲ့ပါနဲ့လား
ယုံလွယ်သူ ဘဝမှာ
သောကတွေ လွယ်ပိုက်လို့
အရှို့ခံလိုက်ရတဲ့ မီးဇာဟာ
ငါ့ ရင်မှာဗြောင်ဆန်ကုန်ပြီ
နှလုံးသားစစ်စစ်နဲ့ ပေးချစ်လိုက်ရတဲ့ သူ
အရာရာမှားခဲ့ပါတယ် စကားလုံးနဲ့
ကျွံမိတဲ့ စကားတွေ ပြန်နှုတ်ပေမယ့်
ကျွံခံလိုက်ရတဲ့ နှလုံးသား
သေရာပါ အမာရွတ်တွေနဲ့ ဖြစ်ခဲ့ရပေါ့
မချစ်တတ်သူရင်
မေတ္တာတွေ ပျိုးထောင်ပြီးမှာ
စွန့်ခွာသွားသူရေ
အညှာမလွယ်ခဲ့ပေမယ့်
ယုံမိလို့ ချစ်ခဲ့တဲ့ နှလုံးသား
ငါဟာ မိကောင်းဖခင် သားသမီးပါ
အရှက်နဲ့ ဘဝ ကို လူလုပ်နေတဲ့ မိန်းမသား
ဥပေက္ခာတရား မပြုနိုင်ကြတဲ့ လူတွေအလယ်
တံတွေးခွက်မှာ ပက်လက်မျောခဲ့ရ
ငါ့ အရှက်တရားများ
ကံကြမ္မာ အပြစ်မတင်တော့ပါဘူး
မိုက်မိတဲ့ အမိုက်မ
ကိုယ့်ထိုက်နဲ့ ကိုယ်ကံ ရှိပါစေတော့
သံသရာ တစ်ကွေ့က
မသိခဲ့လို့ ပြုခဲ့တဲ့ ကံတရား
အသည်းစား ဘီလူး မဖြစ်ခဲ့ လို့
တကျော့ပြန် ဝဋ် ပြန်ခံနေတာ နေမယ်
ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတဲ့ စကားမှာ
နင်ပြုခဲ့တဲ့ အကျင့်
နင် တဖန် ပြန်မခံစားရပါစေလို့
ဘုရာမှာဆုတောင်းရင်း
ငါ့ မှာရှိ ဝဋ် ဒီအမျှ ကြေပါစေ ……။
ယုသစ္စာ
Posted via Blogaway
No comments:
Post a Comment