ကဗျာပျောက်တဲ့ရင်ခွင်
အက္ခရာတွေ စာစီမရအောင်
ခံစားချက်ပင်လယ်ထဲ နစ်မြုပ်နေခဲ့
တစ်ရက် မဟုတ်
နှစ်ရက်မဟုတ်
ဖြစ်စဉ်တွေ ဒိုးယိုပေါက် ပစ်ဝင်
ဝမ်းရေး ဆိုတဲ့ ကမ်းပုတ်လှိုင်း စကားလုံးများ
မျှားခေါ်သမျှ လိုက်ပါနေရတဲ့ ဝဋ်
ကံကြမ္မာ အနှစ် ဆီမဖြစ်တဲ့ ရင်ခွင်
ကဗျာ ဟာတိုးဝင် ထွက်ပျောက်နဲ့
တစ်ကိုယ်ရည်ပဲ ကြိတ်မနိုင်ခဲမရ
ခံစားချက် နိမိတ်ပုံများ တောင်ပံပေါက် ပျံထွက်သွားတာပဲ
ကိုယ့်ဘဝ ငေးမောကြည့်နေ ရတယ် ……။
သိင်္ဂါလှိုင် ကဗျာမြေသား
10102014
12:04
Posted via Blogaway
No comments:
Post a Comment