Saturday, October 11, 2014

မီးခိုး

"မီးခိုး"

အဓိပ္ပါယ် မဲ့ အယူအဆ များနဲ့
သွေးစွန်းနေတဲ့ ကမ္ဘာ
အာဃာတထား လောင်မီးများတောက်လောင်နေ

မာန်မာန များ နဲ့ မျက်နှာဖုံးတွေ
ဗလာကျင်းနေတဲ့ မီးခိုးတွေလို
အနှစ်သာရ ကင်းမဲ့လှ ဘဝများ
အငွေ့ တလူလူ လောင်ကျွမ်းကြ

အရာမထင် ပျောက်ကွယ်ခြင်း မပြုသေးသမျှတော့
ကောင်းကင်မှာ မြဲမယ်အတွေးနဲ့
ပြုံးပျော်နေခဲ့ အန္ဓခန္ဓာများ………။

သိင်္ဂါလှိုင် ကဗျာမြေသား
11102014
15:14

Posted via Blogaway


Posted via Blogaway

No comments:

Post a Comment