ဝင်ကစွပ်
=========
သင်းခွေချပ် ခေါ်သံ
ပဲ့တင်ထပ်နေတာကို အမှန်ထင် လူရာဝင်ချင်သောစိတ်တို့
ခန္ဓာအငှားနဲ့ တောက်ပနေတယ်။
ရိုးသားခြင်းက အလှတစ်ခုဆိုတာ အသေချာမသိတော့
လုပ်မိလုပ်ရာလုပ် ဆီသုတ်လိမ်း မျက်နှာများ ကိုယ့်ကြိုးကွင်းကိုယ်စွပ်ဖို့
ကြိုးကျစ်နေကြပေါ့။
အိုးရွဲ့နဲ့ စလောင်းရွဲ့ ဖုံးတာက အဆင်သင့်တုန်း ခဏ
အပုပ်နံကို လုံအောင် မထားနိုင်ဘူးလေ။
ခင်ဗျားမှာ မရှိတာ ငှားဝတ်ထားတာ
ကျွန်တော် မသိပေမဲ့
ခင်ဗျား သိတယ်။
သိင်္ဂါ လှိုင်
01042016
22:05
No comments:
Post a Comment